အမှုထမ်းများလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု (မွမ်းမံ) သင်တန်း ဖွင့်လှစ် နေပြည်တော်၊ မတ် ၃
Posted on 04.03.2026
အမှုထမ်းများလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု (မွမ်းမံ) သင်တန်း ဖွင့်လှစ်
နေပြည်တော်၊ မတ် ၃
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ အမှုထမ်းများလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၄) ၌ ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန် ဝင်းအောင်၊ ဌာနအကြီးအကဲများ၊ အဆင့်မြင့်အရာရှိများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော်က ယနေ့ဖွင့်လှစ်သည့် အမှုထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းတွင် နိုင်ငံတော်၏ စီးပွား ရေးဦးတည်ချက်များနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ မူဝါဒများ၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်ပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ဌာန၏လုပ်ငန်းတာဝန်များဖြစ်သည့် အသေးစား ငွေရေးကြေးရေးကုမ္ပဏီများ ကြီးကြပ်စစ်ဆေးခြင်း၊ ပုဂ္ဂလိကအာမခံကုမ္ပဏီများအား ကြီးကြပ်ကွပ်ကဲခြင်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက် ဖျက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အောင်ဘာလေထီလုပ်ငန်း နှင့် နိုင်ငံပိုင်ဘဏ်များ ကြပ်မတ်ကွပ်ကဲခြင်းလုပ်ငန်းများအား ပိုမိုနားလည်ပြီး ကျွမ်းကျင်မှု ရှိစေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ဆောင်ပုဒ်ဖြစ်သည့် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ် မှုအားပေးစို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင်ထိန်းကြစို့ ဟူသည့်ဆောင်ပုဒ်နှင့်အညီ ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေ ကြခြင်းသည် မှန်ကန်သည့်လုပ်ဆောင်ချက်ဖြစ်သကဲ့သို့ နိုင်ငံ့ဝန်ထမ်းဘဝတွင်လည်း ဌာန ဆိုင်ရာဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်၊ စာပေ များကိုဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်နိုင်မှုရှိအောင် ကြိုးစားသွားကြရန် နိုင်ငံ့ဝန်ထမ်း များ အရည်အချင်းမီ၊ အဆင့်အတန်းမီစွာဖြင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန် ဖွံ့ဖြိုးတိုး တက်မှုကို ဖော်ဆောင်ပေးနိုင်ရန် လိုအပ်ကြောင်း မှာကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်းသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်း (၃၈) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရပါသည်။
သတင်းစဉ်

File Attachment :
Tags :