Ministry of Finance and Revenue

Financial Regulatory Department
ဌာနတွင်း အရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ် (၁) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Posted on 02.07.2024
post image

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဌာနတွင်း အရာထမ်းများလုပ်ငန်းပိုင်းဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို  ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာ စကားပြောကြားပါသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဝင်းရှိန်က အဖွင့်အမှာစကားပြောကြားရာ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနအသီးသီး၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတက်ရေးအတွက် Human Resource -HR ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ဌာနတွင်းသင်တန်းများပေးခြင်းသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ရှိပြီး အလွန်အရေးကြီးကြောင်း၊ လက်ရှိအခြေအနေအရလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ဦးစားပေးဆောင်ရွက်တဲ့အချိန်အခါဖြစ်ကြောင်း၊ ဌာနတွင်းမှာရှိသည့် အရာထမ်း/ အမှုထမ်းများအနေဖြင့် မိမိလုပ်ငန်းနယ်ပယ်များတွင် လုပ်ငန်းကျွမ်းကျင်မှုနှင့်တကွ အခြားပြင်ပ ဗဟုသုတအသိပညာရရှိရန် အရေးကြီးကြောင်း၊ အလားတူအစဉ်အဆက်က ရရှိထားသော ရှေးဝန်ထမ်းကြီးများထံမှ လက်ဆင့်ကမ်းပေးအပ် သင်ကြားလာတဲ့ ပညာရပ်များအပေါ် လက်ရှိ တာဝန်ယူသည့် ဝန်ထမ်းများအနေဖြင့် သင်တန်းများတွင် လွှမ်းခြုံသင်ကြားပေးရန် လိုအပ် ကြောင်းနှင့် နောင်တက်လာမည့် အနာဂတ်ဝန်ထမ်းသစ်များအတွက် ကောင်းသည့် အမွေချန်ထား ပေးရမှာဖြစ်ကြောင်း၊ ဌာနများအနေဖြင့် လက်ရှိအချိန်အခါတွင် ဌာနတွင်းသင်တန်းများ၊ ဆက်စပ် အခြားဌာနများနှင့် ပူးပေါင်းဖွင့်လှစ်သည့်သင်တန်းများကို တက်ရောက်ဖို့လိုအပ်ကြောင်း၊ သင်တန်း များကို အလေးထားတက်ရောက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဝန်ကြီးဌာနသည် ပညာရပ် ပိုင်းဆိုင်ရာဖြင့် ဆောင်ရွက်ရသည့်ဌာနဖြစ်ပြီး ပညာရပ်များသည် လေ့လာ၍ပြီးဆုံးသည့် သဘော မရှိသဖြင့်ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိဌာနတွင်း ဝန်ထမ်းများအတွက် လိုအပ်သည့် ပညာရပ်ဆိုင်ရာများအပေါ် သင်ကြားလေ့ကျင့်ပေးရေးအတွက် ဦးစားပေးအဆင့်မှာထားပြီး ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားလိုကြောင်း၊ သင်တန်းတက်ရောက်ရခြင်းအတွက် တစ်စုံ တစ်ခု အကျိုးကျေးဇူးရှိရန်လိုအပ်ကြောင်း၊ မိမိအတွက်၊ ဌာနနှင့် နိုင်ငံတော်အတွက် အကျိုးရှိ စေရန်နှင့် သင်တန်းသားများအတွက် ထိရောက်အကျိုးရှိတဲ့ သင်တန်းဖြစ်စေရန် လိုအပ်ကြောင်း၊ သင်တန်သား/သင်တန်းသူများအနေဖြင့် သင်ကြားချက်များအပေါ် စနစ်တကျလေ့လာသင်ယူပြီး သင်ခန်းစာများအပေါ်ပြန်လည်အသုံးချပြီး Review ပြုလုပ်ရန်လိုအပ်ကြောင်း၊ဝန်ထမ်းတစ်ယောက် ဖြစ်သည့်အတွက်   သီးခြားအခွင့်အရေး သတ်မှတ်ပေးထားခြင်းကြောင့် ပြည်တွင်း/ပြည်ပ သင်တန်း များတက်ရောက်ခွင့်ရရှိခြင်းဖြစ်၍ နိုင်ငံတော်နှင့် မိမိဌာနအပေါ်ကျေးဇူးစောင့်သိရမှာဖြစ်ကြောင်း၊ သင်တန်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိလုပ်ဖော်ကိုင်ဖက်များအပေါ် သစ္စာရှိရမှာဖြစ်ကြောင်း၊ နောင်သင်တန်းသားများအတွက် အခက်အခဲမဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ရသည့် အခွင့်အရေးကို အသုံးချရန်နှင့် သင်တန်းတက်ရောက် ရသည့်အတွက် နိုင်ငံတော်နှင့်ဌာနအပေါ် သစ္စာရှိရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။



File Attachment : Download

Tags :

Recent Posts

Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3

အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လူငယ်ကဏ္ဍဆွေးနွေးပွဲကျင်းပ