စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကော်မတီ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၃) အစည်းအဝေးကျင်းပ
Posted on 09.08.2023
နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကော်မတီ၊ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့၊ (၁၄ : ၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကော်မတီ၊ စီမံကိန်း စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ အဖွဲ့ဝင်များဖြစ်ကြသော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့ အောက်ရှိ Working Teams မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင်မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပေါင်းစည်းရေးအတွက် ဘဏ်နှစ်ဘဏ်မှ ဆက်လက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ် (Action Plan)၊ လက်ရှိ မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့၏ ဖွဲ့စည်းပုံကို အခြေခံပြီး အဆိုပြု ရေးဆွဲထားသည့် Organization Chart နှင့် Pilot Project ချေးငွေအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး တင်ပြဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ စီမံကိန်း စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
File Attachment :
Tags :
Recent Posts
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3