ဒုတိယဦးစီးမှူးများ၏ လုပ်ငန်းကျွမ်းကျင်မှု သင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Posted on 02.12.2024
နေပြည်တော်၊ စက်တင်ဘာ ၅
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးများ၏ လုပ်ငန်းကျွမ်းကျင်မှု သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂-၁၂-၂၀၂၄ ရက်နေ့ (၀၉း၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့်သင်တန်းမှာ ဌာနအတွက် အလွန်အရေးကြီးကြောင်း၊ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များမှာ များပြားပြီး ဘာသာရပ်ဆိုင်ရာ အသိပညာများအား ကျယ်ကျယ်ပြန့်ပြန့် သင်ယူပြီး ကျွမ်းကျင်အောင် လေ့လာဆည်းပူးရန် လိုအပ်ကြောင်းနှင့် အရည်အသွေးပြည့်မီအောင် တည်ဆောက်ရန်လိုအပ်ကြောင်း၊ မိမိတို့၏ ဝန်ကြီးဌာန၊ မိမိတို့၏ နိုင်ငံတော် ပိုမိုကောင်းမွန်စေရန်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားအားထုတ် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

File Attachment :
Tags :
Recent Posts
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3