Ministry of Finance and Revenue

Financial Regulatory Department
Corruption Prevention Unit (CPU) နှင့် Data Entry Office (DEO)တို့၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းဆွေးနွေးခြင်း
Posted on 24.09.2024
post image

နေပြည်တော်၊ စက်တင်ဘာလ ၁၇ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ (Public Feedback Programme – PFP) အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် Corruption Prevention Unit (CPU) နှင့် Data Entry Office (DEO) တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ အပြန်အလှန်ဆွေးနွေးရန် ကျင်းပသည့်အစည်းအဝေးအား ၁၇-၉-၂၀၂၄ ရက်နေ့၊ (၁၀:၃၀) အချိန်၊ ရုံးအမှတ်(၃၄)၊ အစည်းအဝေးခန်းမတွင် Online စနစ်ဖြင့် ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အစည်းအဝေးတွင် အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ အထက်မြန်မာပြည်/အောက်မြန်မာပြည်ကြီးကြပ်စစ်ဆေးရေးရုံးမှ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စု နယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ DEO Account တာဝန်ခံများ တက် ရောက်ခဲ့ကြပါသည်။ သတင်းစဉ်

File Attachment :

Recent Posts

Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3

အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လူငယ်ကဏ္ဍဆွေးနွေးပွဲကျင်းပ