Ministry of Finance and Revenue

Financial Regulatory Department
အရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Posted on 21.07.2026
post image

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန "အရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၆)" ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၄) ၌ ကျင်းပခဲ့ရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊  ဌာနဆိုင်ရာအကြီးအကဲများ၊  အဆင့်မြင့်အရာရှိများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သင်တန်းသူ အရာရှိများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း (၁/၂၀၂၆) ကို ၂၁-၅-၂၀၂၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး (၁၃) ဦးနှင့် ဦးစီးအရာရှိ  (၁၇) ဦး စုစုပေါင်း သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာ သုံးသပ်အကဲဖြတ်ရေး မူဘောင်များ၊ အသက်အာမခံလုပ်ငန်းနှင့် အထွေထွေအာမခံလုပ်ငန်းတို့၏ ဘဏ္ဍာရေးအစီရင်ခံ တင်ပြသည့် စံပုံစံများ၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည့် ကြီးကြပ်မှုသဘောတရားများ၊ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်း လမ်းညွှန်များ၊ Off-Site နှင့် On-Site လက်တွေ့စစ်ဆေးဆောင်ရွက်မှုဘာသာရပ်များကို  သင်ကြားပို့ချပေးခဲ့ပြီး အာမခံကုမ္ပဏီများကြီးကြပ်မှုနှင့် အသေးစားငွေရေးကြေးရေးကုမ္ပဏီများ ကြီးကြပ်မှု Case Study  များ၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေး (AML/CFT) ဆိုင်ရာ လုပ်ငန်းစဉ်များအား ဝန်ကြီးဌာနကိုယ်စား ကြပ်မတ်ကွပ်ကဲခြင်းတို့အပေါ်     သင်တန်းသားအဖွဲ့လိုက် ဆွေးနွေးတင်ပြမှုများဆောင်ရွက်ခဲ့ကြောင်း၊ ယခုသင်တန်းကို တက်ရောက် ခဲ့သည့် သင်တန်းသားအရာရှိများအားလုံးအနေဖြင့် သင်တန်းမှရရှိခဲ့သည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိထိရောက်စွာ အသုံးချကြဖို့၊  မိမိတို့ဌာနနှင့် ဝန်ကြီးဌာန ရည်မှန်းချက်များ အောင်မြင်စေရေး အလေးထားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံတော်၏ မူဝါဒရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားပါသည်။


File Attachment :

Tags :

Recent Posts

အရာထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း

၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ