Ministry of Finance and Revenue

Financial Regulatory Department
အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
Posted on 23.02.2024
post image

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၀
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၄)  အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) အစည်းအဝေး ခန်းမ၌ ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင် များ၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးချုပ်မှ တာဝန်ခံများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံအသေးစားငွေရေး ကြေးရေး လုပ်ငန်းများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၁ ခုနှစ်တွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေပြဋ္ဌာန်း၍ စတင်ခဲ့သည့် မြန်မာနိုင်ငံ ၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍသည် ယခုအချိန်တွင်ကျေးလက်နေ ဝင်ငွေနည်း ပြည်သူများနှင့် MSME များအတွက် ကောင်းမွန်သောငွေကြေးဝန်ဆောင်မှုရရှိစေပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို ထိရောက်သော အထောက်အပံ့ဖြစ်စေခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ပြည်ပကုမ္ပဏီ (၅၄) ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ (၁၁၆) ဖွဲ့နှင့် အစုစပ်ကုမ္ပဏီ (၈) ဖွဲ့၊ စုစုပေါင်း (၁၇၈) ဖွဲ့ ရှိနေပြီး တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခုရှိ မြို့နယ်ပေါင်း(၂၆၃) မြို့နယ်၊ ရပ်ကွက် (၂၂၄၅) ရပ်ကွက်၊ ကျေးရွာပေါင်း(၂၆၉၈၆) ရွာရှိ အသင်းဝင်ဦးရေ (၃.၄၅) သန်း၊ ထုတ်ချေးငွေ လက်ကျန် ကျပ် ၁၈၃၅.၉၅၄ ဘီလီယံဖြင့် ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရ အသေးစားငွေရေးကြေးရေးကုမ္ပဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအနေဖြင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ကိုဗစ်နှင့် နိုင်ငံ ရေးဖြစ်စဉ်များကြောင့် ကြုံတွေ့ရသည့် ငွေသားထုတ်ယူမှုနှင့် ပြည်ပချေးငွေရယူရန်အခက်အခဲ များ ကျော်လွှားနိုင်ရန်နှင့်  လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန်အတွက် ပြည်တွင်းဘဏ်များမှ ချေးငွေရယူသည့် လုပ်ငန်းစဉ်များမြန်ဆန်အောင် ဆောင်ရွက်ပေးခြင်း၊ ချေးငွေအတန်းအစား ခွဲခြားခြင်းနှင့် ကြွေးဆုံးလျာထားသတ်မှတ်ခြင်းဆိုင်ရာဖြေလျှော့ခြင်းများကို ဆောင်ရွက်ပေး ခြင်း၊ ထို့ပြင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအား ကော်ပိုရိတ်အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်ပြုခြင်း၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုရယူ ဆောင်ရွက်ခွင့်ပြုခြင်း၊ ချေးငွေဝန် ဆောင်မှုအသစ်များခွင့်ပြုပေးခြင်း၊ နယ်မြေဒေသအေးချမ်းမှုရှိပြီး စီးပွားရေးလုပ်ငန်းများကောင်း မွန်သောဒေသများသို့ နယ်မြေတိုးချဲ့ခွင့်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ဦးစားပေးကဏ္ဍဖြစ်သည့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးခြင်း၊ သီးနှံစိုက်ပျိုးသည်မှ ထုတ်လုပ်ရောင်းချနိုင်သည်အထိ Supply Chain တစ်ခုလုံးအား ချေးငွေထုတ်ချေးနိုင်ရန် စီစဉ် ဆောင်ရွက်ခြင်းသာမက အသင်းဝင်များအတွက်လိုအပ်သည့် လူမှုရေးဝန်ဆောင်မှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆွေးနွေးမှာကြားပြီး၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်က အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ အတိုးနှုန်းပြင်ဆင်သတ်မှတ်ရန် သုံးသပ်ဆောင်ရွက်ထားရှိမှု၊ အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်း (၃) ဖွဲ့၏လုပ်ငန်းလိုင်စင်လျှောက်ထားမှု၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ ၏နယ်မြေတိုးချဲ့မှု၊ ချေးငွေပြန်လည်ကောက်ခံမှုအား Mobile Financial Services ကို အသုံး ပြုခွင့်အပါအဝင် ကြီးကြပ်မှုကော်မတီက ဆွေးနွေးဆုံးဖြတ်ရန် အချက်များအား ရှင်းလင်းတင်ပြ ပါသည်။ 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

File Attachment :

Tags :

Recent Posts

Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3

အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လူငယ်ကဏ္ဍဆွေးနွေးပွဲကျင်းပ