အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၂/၂၀၂၃) ကျင်းပ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်
Posted on 27.07.2023
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့
ဥက္ကဋ္ဌက ယနေ့ကျင်းပသည့်အစည်းအဝေးသည် ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏
တတိယအကြိမ် အစည်းအဝေးဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့
စတင်ဖွဲ့စည်း ပြီး (၇) လတာ ကာလအတွင်း ချေးငွေများထုတ်ချေးနိုင်ရေးအတွက်
ကြိုတင်ပြင်ဆင်မှုများအဖြစ် MSME များသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ
လုပ်ထုံးလုပ်နည်းရေးဆွဲခဲ့ပြီး လုပ်ငန်းကော်မတီသို့ တင်ပြ၍
မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုခံယူခဲ့ကြောင်း၊
လုပ်ငန်းကော်မတီမှအတည်ပြုခဲ့ပြီးဖြစ်၍ ဒေသဆိုင်ရာအေဂျင်စီများ၊
သက်ဆိုင်ရာဘဏ်များသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊
ယင်းလုပ်ထုံးလုပ်နည်းကိုအခြေခံ၍ MSME များမှ လိုအပ်သည့်ချေးငွေများကို
စနစ်တကျ ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ မတည်ပေးထားသည့် ကျပ်
၁၇၀ ဘီလီယံမှ ချေးငွေ မဟုတ်သည့် ကိစ္စရပ်များအတွက် ကျပ် ၂၀ ဘီလီယံ
လျာထားသုံးစွဲမည့်အပေါ် လုပ်ငန်းကော်မတီ မှ အတည်ပြုချက်ရရှိပြီးဖြစ်၍ ကျပ်
၂၀ ဘီလီယံအတွက် ရေးဆွဲထားသည့်လုပ်ထုံးလုပ်နည်း (မူကြမ်း) မှာ
ဖြည့်စွက်ထည့်သွင်း ရေးဆွဲသင့်သည်များရှိပါက
အဖွဲ့ဝင်များမှဝိုင်းဝန်းဆွေးနွေးကြစေလို ကြောင်း၊ ထို့ပြင် အသေးစား၊
အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဗဟိုကော်မတီ ဥက္ကဋ္ဌမှ “ချေးငွေချေးလိုသူများအနေဖြင့် ချေးငွေများကို
အတိုးနှုန်းသက်သာစွာဖြင့် ချေးယူလိုကြောင်း၊ ချေးငွေထုတ်ချေးရာတွင်
လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ ပုံမှန်
ပြန်လည်လည်ပတ်နိုင်ရန်အတွက် အတိုးနှုန်း (၁) မျိုး၊ လုပ်ငန်းတိုးချဲ့မည့်
လုပ်ငန်းများ အတွက် အတိုးနှုန်း (၁) မျိုး၊ လုပ်ငန်းစတင်မည့်သူများအတွက်
အတိုးနှုန်း (၁) မျိုး ခွဲခြားသတ်မှတ်
ထုတ်ချေးပေးရန်” အကြံပြုချက်ကိုလည်း လုပ်ငန်းလမ်းညွှန်အဖြစ်
လိုက်နာကြရမည်ဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့်
မိမိတို့ကဏ္ဍနယ်ပယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွား ကြရန်
တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များ၊ ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကျပ် ၂၀ ဘီလီယံ သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ် နည်း (မူကြမ်း) တို့ကိုတင်ပြခြင်း၊ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှ ချေးငွေထုတ်ချေးခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ရန်ပုံငွေစီမံခန့်ခွဲ့မှုအဖွဲ့နှင့် ချေးငွေဆိုင်ရာလုပ်ငန်း အဖွဲ့တို့ချုပ်ဆိုမည့် Administration Agreement (မူကြမ်း)နှင့် Participating Financial Institutions (PFIs) ဘဏ် များနှင့်ချုပ်ဆိုမည့် Participation Agreement (မူကြမ်း) တို့အား ရှင်းလင်းတင်ပြခြင်းနှင့် စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဘဏ္ဍာရေးစည်းမျဉ်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့
ဥက္ကဋ္ဌက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင်
ပြည့်စုံမှန်ကန်စွာဖြင့် အချိန်မီပြီးစီးအောင်
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချေးငွေစည်းမျဉ်း စည်းကမ်းသတ်မှတ်ခြင်းနှင့်
ရန်ပုံငွေသုံးစွဲခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်း သတ်မှတ်ရာတွင် လက်ရှိ
တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ရန်
လိုအပ်သကဲ့သို့ ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏
လမ်းညွှန်မှုများကို မူဝါဒပိုင်းဆိုင်ရာအချက်များအဖြစ် လိုက်နာဆောင်
ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားပြီး အစည်းအဝေးတွင် တင်ပြဆွေးနွေး
ချက်များနှင့် စပ်လျဉ်း၍လိုအပ်သည်များကို
ညိှနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ရှေ့ဆက်လက်
ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
File Attachment :
Tags : # News and Announcements
Recent Posts
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3