Ministry of Finance and Revenue

Financial Regulatory Department
အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Posted on 29.06.2023
post image

နေပြည်တော် ၊ ဇန်နဝါရီ ၁၄

အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိခဲ့ကြသည့် ပြည်တွင်းအသက်အာမခံကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံကုမ္ပဏီတစ်ခုတို့အား လိုင်စင်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းအဆိုပြုလွှာစိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီးနောက် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိကြသည့် A Life Insurance Co., Ltd. နှင့် A Insurance Co., Ltd. တို့အား အသက်အာမခံနှင့် အထွေထွေအာမခံကုမ္ပဏီလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိကြသည့် အာမခံကုမ္ပဏီ (၂) ခုမှ တာဝန်ရှိသူများက ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းဖွံ့ဖြိုးတိုး တက်မှုဗီဒီယိုမှတ်တမ်းအား ပြသပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၁၃ ခုနှစ်တွင် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်း နှစ်မျိုးလုံးဆောင်ရွက်နိုင်သော ကုမ္ပဏီ (၉) ခုနှင့် အသက်အာမခံကုမ္ပဏီ (၃) ခုတို့အား အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ခွင့်ပြုခဲ့ရာတွင် စံသတ်မှတ်ချက်နှင့်ကိုက်ညီပြီး၊ မတည်ငွေ ပြည့်မီစွာထည့်ဝင်နိုင်သည့် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်း နှစ်မျိုးလုံးဆောင်ရွက်နိုင်သော ကုမ္ပဏီ (၈) ခုနှင့် အသက်အာမခံကုမ္ပဏီ (၃) ခုတို့ကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့ပါသည်။  လိုင်စင်ခွင့်ပြုခြင်းမရှိခဲ့သည့် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းဆောင်ရွက်နိုင်သောကုမ္ပဏီနေရာတွင် အစားထိုးလိုင်စင်ခွင့်ပြုပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် စိတ်ဝင်စားမှုအဆိုပြုလွှာ ခေါ်ယူခဲ့ပြီး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အဆင့်ဆင့်စိစစ်ကာ ပြည်တွင်းအသက်အာမခံကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံကုမ္ပဏီတစ်ခုတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး၊ လက်ရှိတွင် အာမခံကုမ္ပဏီများမှ အသက်အာမခံနှင့် အထွေထွေအာမခံအပါအဝင် အာမခံအမျိုးအစား (၃၉) မျိုးအား ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံ၏အာမခံလုပ်ငန်းကဏ္ဍတွင် ပြည်တွင်း/ပြည်ပအာမခံကုမ္ပဏီ (၂၆) ခုတို့အား အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ပေးအပ်ခဲ့ပြီးဖြစ်ရာ နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီများက အများပြည်သူများအတွက် အသက်နှင့် အထွေထွေ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

File Attachment :

Tags :

Recent Posts

Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3

အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လူငယ်ကဏ္ဍဆွေးနွေးပွဲကျင်းပ