ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
လုပ်ငန်းတာဝန်များ
(၁) အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ အတွင်းရေးမှူးရုံး လုပ်ငန်းတာဝန် ထမ်းဆောင်ခြင်း။
(၂) အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်း။
(၃) အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံး လုပ်ငန်းတာဝန်ထမ်းဆောင်ခြင်း။
(၄) အာမခံလုပ်ငန်းဆောင်ရွက်သည့် အဖွဲ့အစည်းများအား အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်း။
(၅) ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ တိုက်ဖျက်ရေး လုပ်ငန်းစဉ် များအား အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် အာမခံလုပ်ငန်း လုပ်ကိုင်သူများမှ လိုက်နာဆောင်ရွက်ရန် ကြပ်မတ်ကွပ်ကဲခြင်း။
(၆) နိုင်ငံပိုင်ဘဏ်လုပ်ငန်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်စေရန် ကြပ်မတ်ကွပ်ကဲခြင်း။
(၇) နိုင်ငံပိုင် ထီလုပ်ငန်းများအနေဖြင့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်း။