၁။ အသေးစားငွေရေးကြေးရေးလုပ်ငန်း  လုပ်ကိုင်လိုသည့်   အဖွဲ့အစည်းသည်     နေပြည်တော် ကောင်စီ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုတည်းအတွင်းသာ ဖြစ်ပါက သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊တိုင်းဒေသကြီးနှင့် ပြည်နယ် ရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်း  ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီမှ တစ်ဆင့် လျှောက်ထားရမည်။

၂။ အသေးစားငွေရေးကြေးရေးလုပ်ငန်း  လုပ်ကိုင်လိုသည့်   အဖွဲ့အစည်းသည်     နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုတည်းသာ  မဟုတ်ဘဲ တစ်ခုထက်ပို၍ လုပ်ကိုင်လိုပါက အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသို့ တိုက်ရိုက် လျှောက် ထားရမည်။ထိုသို့ လျှောက်ထားရာတွင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့နှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်း  ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီများ၏ စိစစ် ခွင့်ပြုချက်များ ပူးတွဲပါရှိရန် လိုအပ်ပါသည်။

 

၃။ INGO ၊ NGO အဖွဲ့အစည်းများသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်။

၄။ သမဝါယအဖွဲ့အစည်းများသည် သမဝါယမဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်။

၅။ ပြည်တွင်း ပြည်ပ ပုဂ္ဂလိကကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနတွင် မှတ်ပုံတင်ရမည်။

၆။ NGO များအတွက် NGO   အဖွဲ့အစည်း ဖွဲ့စည်း မှတ်ပုံတင်ခွင့် တင်ပြစာ အထောက်အထား 

ဖြင့်လိုင်စင်လျှောက်ထားခွင့်ရှိသည်။

၇။ ပြည်ပ ကုမ္ပဏီများအား     အသေးစားငွေရေးကြေးရေးလုပ်ငန်း    ဆောင်ရွက်ရန်    ကုမ္ပဏီ 

မှတ်ပုံတင်စဉ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကန့်ကွက်ရန် မရှိကြောင်း ပြန်ကြားရန် လိုအပ်ပါသည်။

သက်ဆိုင်ရာ ကော်မတီမှ ခိုင်မာသော   အထောက်အထား ၊    စာရွက်စာတမ်းများ  ငွေရေးကြေးရေး  

ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနသို့   ပေးပို့ရပါမည်။   ဤ ဌာနမှ လိုအပ်သည်များ လေ့လာ  စုံစမ်း၍ 

ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြပါသည်။

၈။ INGO များအတွက် ဖွဲ့စည်း မှတ်ပုံတင်  ခွင့်ပြုချက်ရရှိပြီးမှသာ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားခွင့်ရှိသည်။

၉။ မတည်ငွေရင်းပြည့်မီခြင်းမရှိသော သမဝါယမအသင်းများအား အသေးစား ငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားခွင့်ပြုထားပါသည်။

၁၀။ ၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၊ ငကစ/ကက-၆ (၉၆/၂၀၁၃) ဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသော အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားပါက ပြင်ဆင် ဖြည့်စွက်ထားသော လိုင်စင်လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန်။

၁၁။ အဖွဲ့အစည်းတာဝန်ခံ အကြီးအကဲ၏ လုပ်ငန်းအတွေ့အကြုံ ပြည့်စုံစွာဖော်ပြရန်။

 

 

၁၂။ ပူးတွဲ တင်ပြရမည့် လုပ်ငန်းစီမံချက် Business Plan  သုံးနှစ်စာအတွက် ၂၂-၈-၂၀၁၃ ရက်စွဲပါ  စာအမှတ် ၊ ငကစ/ကက-၆(၁၉၃/၂၀၁၃) ဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည့်အတိုင်း ပြုစု တင်ပြရန်။

၁၃။ ထည့်ဝင်ပြီး မတည်ရင်းနှီးငွေအတွက် ရရှိသည့် ငွေကြေး အရင်းအမြစ်နှင့် ပတ်သက်၍ ရှင်းလင်း စွာ ဖော်ပြရန်။

၁၄။ ပြည်တွင်းမှ လုပ်ငန်းဆောင်ရွက်ဆဲ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ လျှောက်ထားပါက လက်ရှိလုပ်ငန်းဆောင်ရွက်နေသည့် ကာလအထိ စာရင်းစစ် စစ်ဆေး အတည် ပြုပြီးသော  အစမ်းရှင်းတမ်း ၊ အရှုံးအမြတ်ရှင်းတမ်း  ၊ လက်ကျန်ရှင်းတမ်းများအရ မတည် ရင်းနှီးငွေကို ဖော်ပြပေးရန်။

၁၅။ ပြည်ပကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်  လျှောက်ထားပါက အထက်ပါ အပိုဒ်(၁) ၊ (၂) ၊ (၃)၊ (၄) အချက်များ အပါအဝင်  မိခင်ကုမ္ပဏီ ရှိပါက မြန်မာနိုင်ငံတွင်  အသေးစားငွေရေးကြေးရေး လုပ်ငန်း ကုမ္ပဏီခွဲ တည်ထောင်ရန်အတွက် သဘောတူညီကြောင်း  အစည်းအဝေးဆုံးဖြတ်ချက် Annual Report၊  Financial Statement ပူးတွဲ တင်ပြရန်ဖြစ်ပါသည်။ မတည်ရင်းနှီးငွေအတွက် နိုင်ငံခြားဘဏ်မှ မြန်မာနိုင်ငံ ဘဏ်သို့ ငွေလွှဲပြောင်းသည့် အထောက်အထား တရားဝင် မြန်မာ ကျပ်ငွေ ပြောင်းလဲသည့် အထောက်အထား အပြည့်အစုံ ပူးတွဲတင်ပြရန်။

၁၆။ အသင်းအဖွဲ့မှတ်ပုံတင်ရရှိပြီးသော  INGO NGO အဖွဲ့အစည်းများမှ အသေးစား ငွေရေးကြေးရေး  လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားပါက ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိ ထားသည့် လုပ်ငန်းစဉ် ရည်ရွယ်ချက်တွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း ခွင့်ပြုချက်ပါရှိ ရမည်။ နားလည်မှုစာချွန်လွှာ MoU ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားသော  INGO များအနေဖြင့် နားလည်မှု စာချွန်လွှာ MoU ချုပ်ဆိုထားသော ဝန်ကြီးဌာန၏ သဘောတူ ခွင့်ပြုထား သည့် လုပ်ငန်းစဉ် ရည်ရွယ်ချက်တွင် အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုသည့် သဘောတူညီချက် ပါရှိရမည် ဖြစ်ပါသည်။